top of page
Writer's pictureShoon Lapyae Linn

[Daily Dose of English] 🕗 English Proverbs

တန်ဆောင်မုန်းလပြည့်နေ့မှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Hello again, dear learners 👋! ဒီနေ့ရဲ့ Daily Dose မှာတော့ English Proverb တွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။ မြန်မာလို စကားပုံတွေရှိသလို English စကားပုံတွေကိုလည်း မှတ်သားလေ့လာဖို့ ရည်ရွယ်ပါတယ်။ Let’s get started! 🍊



🍎 Actions speak louder than words.

ကိုယ်ပြောတဲ့စကားထက် ကိုယ့်အမူအရာတွေက ကိုယ့်ခံစားချက်တွေကို ပိုပြီး ဖော်ပြတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။


🍎 A friend in need is a friend indeed.

ကိုယ်လိုအပ်တဲ့အချိန်မှာ အနားမှာရှိပေးနိုင်တဲ့ သူငယ်ချင်းက ကိုယ့်သူငယ်ချင်း အစစ်အမှန်ဖြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။


🍎 Two wrongs don’t make a right.

ကိုယ့်အပေါ် အမှားလုပ်ထားတဲ့သူကို အမှားနဲ့တုံ့မပြန်သင့်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။


🍎 Don’t judge a book by its cover.

လူတစ်ယောက်ရဲ့ အပြင်ပန်းကိုပဲ ကြည့်ပြီး အဲ့ဒီ့သူရဲ့ အတွင်းစိတ်နဲ့ အကျင့်စရိုက်ကို မခန့်မှန်းသင့်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။


🍎 Easy come, easy go.

အလွယ်တကူ ရထားတဲ့အရာက အလွယ်တကူ ပြန်ဆုံးရှုံးရတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။


English proverb တွေကို လေ့လာလိုက်ရလို့ မှတ်သားစရာတွေ ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့တွေမှာလည်း Daily Dose နဲ့အတူ Englishစာ လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်နော်။ See you tomorrow 👋!


74 views0 comments

Recent Posts

See All

Comments


bottom of page