How are you, dear learners 👋? Hope you all are fine and safe. ဒီနေ့အတွက် Daily Dose of English ကတော့ စားစရာနဲ့ ပတ်သက်တဲ့ စကားလုံးတွေ ပါဝင်တဲ့ Idioms တွေဖြစ်ပါတယ်။ Let’s see what’s in here 🙌
🍎🍊 Apples and Oranges
အရမ်းကို ကွဲပြားခြားနားတယ်ဆိုတဲ့ အရာနှစ်ခုကို နှိုင်းယှဉ်တဲ့အခါမှာ သုံးတဲ့ Idioms လေးဖြစ်ပါတယ်။
[They were twins but apples and oranges.]
🍌 A banana skin
တစ်ခုခုလုပ်တဲ့အခါ လွဲချော်စေတဲ့အရာကို ခေါ်တာဖြစ်ပါတယ်။
[ He thought that he would be able to make his reputation without slipping on a banana skin.]
🥜 To pay peanuts
ပိုက်ဆံနည်းနည်းလေးပဲပေးတာကို ခေါ်ပါတယ်။
[The people here are world-class shipbuilders, yet they get paid peanuts.]
🧀 Big cheese
အရေးကြီးပုဂ္ဂိုလ် (VIP) လို့ အဓိပ္ပာယ်ရပါတယ်။
[Who's the big cheese in the small town?]
🥒 Cool as a cucumber
အရမ်း အေးအေးဆေးဆေး ရှိတာကို ပြောချင်တာကို သုံးပါတယ်။
[ He is cool as a cucumber when it comes to grades.]
ဒီနေ့အတွက် Idioms အသစ်လေးတေွ လေ့လာရလို့ အသုံးဝင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့တွေမှာလည်း တစ်နေ့ကို အချိန်လေးနည်းနည်းပေးပြီး Daily Dose နဲ့အတူ Englishလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ See you tomorrow 👋!
Comments