top of page
Writer's pictureShoon Lapyae Linn

[Daily Dose of English] 🕗 Moving Expressions

Hello again, dear learners 👋! ဒီနေ့ရဲ့ Daily Dose လေးမှာတော့ အိမ်ပြောင်းတာ၊ တစ်နေရာရာကို ရွှေ့ပြောင်းတာ တွေမှာ အသုံးဝင်မယ့် English အသုံးအနှုန်းလေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ Let’s check them together 🌱



🏠 to clear something out

အခန်း သို့မဟုတ် နေရာတစ်ခုခုကို ရှင်းထုတ်တာ လို့ အဓိပ္ပာယ်ရပါတယ်။

[ James is going to clear his room out tomorrow.]


🏠 to sort something out

အစီအစဥ်တကျ နေရာချတာ လို့ ဆိုလိုပါတယ်။

[ Mom is sorting the kitchen appliances out.]


🏠 to give something away

တစ်ခုခုကို ပေးပစ်တယ်၊ ရောင်းတာမဟုတ်ဘဲ ပေးတာကို ဆိုလိုပါတယ်။

[ I am giving my old bed away.]


🏠 to take something out

တစ်နေရာရာကနေ တစ်ခုခုကို ထုတ်တာ၊ ဖယ်တာလို့ အဓိပ္ပာယ်ရပါတယ်။

[ She takes all the old pictures out of the basement.]


🏠 to go through something

တစ်ခုခုကို သေသေချာချာ ရှာတာ ၊ ပြီးတော့ ပြန်စစ်ကြည့်တာလို့ အဓိပ္ပာယ်ရပါတယ်။

[ You will need to go through that box to make sure that nothing is left behind.]


ဒီ အသုံးအနှုန်းလေးတွေကို သေချာ မှတ်သားထားပြီး လိုအပ်တဲ့ နေရာမှာ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့တွေမှာလည်း Daily Dose နဲ့တူတူ Englishစာကို ဖြည်းဖြည်းချင်း လေ့လာကြရအောင်ပါနော်။ See you tomorrow 👋!


21 views0 comments

Recent Posts

See All

Kommentare


bottom of page