Hello everyone 👋! Phrasal verb လေးတွေကို ပြန်လည်ဝေမျှပေးဖို့ အလှည့်ကျလာပါပြီ။ ဒီတစ်ခေါက် အလှည့်ကျတဲ့ Phrasal Verb လေးတွေကတော့ ပိုက်ဆံနဲ့ ပတ်သက်တဲ့ Phrasal Verb လေးတွေပဲ ဖြစ်ပါတယ်။ Let’s get started 🙌!
#1 set back
စျေးအတော်အသင့် ကျတယ်လို့ ပြောချင်ရင်သုံးပါတယ်။
[That dress must set you back a little bit.]
#2 save up
ငွေခြွေတာပြီး တစ်ခုခုအတွက် စုဆောင်းတာလို့ အဓိပ္ပာယ်ရပါတယ်။
[I am going to save up for the limited edition of those shoes.]
#3 pay off
အကြွေးကျေတာကို ပြောတာဖြစ်ပါတယ်။
[ Daisy finally paid off her loan.]
#4 cash up
တစ်နေ့တာအပြီး ရတဲ့ပိုက်ဆံတွေကို ရေတာ စစ်တာ ပြန်တွက်တာ ဖြစ်ပါတယ်။
[ They were cashing up as soon as the shops closed.]
#5 rip off
ငွေလိမ်ခံရတယ်လို့ အဓိပ္ပာယ်ရပါတယ်။
[He got ripped off by the new seller of the car.]
Money နဲ့ ပတ်သက်တဲ့ Phrasal verbလေးတွေကို လေ့လာလိုက်ရလို့ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့မှာလည်း English စာကို ဖြည်းဖြည်းချင်း လေ့လာဖို့ Daily Doseကနေ ဖိတ်ခေါ်ပါတယ်။ See you tomorrow 👋
Comentarios