Hello again, everyone 👋! ဒီနေ့မှာတော့ English Speaking ပြောဆိုတဲ့အခါ ပိုပြီး ချောမွေ့စေဖို့ ပြီးတော့ ပိုသဘာဝကျစေဖို့ ပိုလွယ်စေဖို့ Phrases လေးတွေကို ဝေမျှပေးမှာဖြစ်ပါတယ်။ “အကူအညီတောင်းချင်တဲ့အခါ” ပြောလို့ရနိုင်မယ့် Phrase လေးတွေကို အခုပဲလေ့လာကြရအောင်။ 🙌
🍬 “Can you give me a hand?”
ငါ့ကို တစ်ချက်လောက် ကူပေးနိုင်မလား?
🍬 “Could you please do this for a minute?”
ဒီအလုပ်လေး ခဏလောက် လုပ်ပေးထားလို့ရမလား?
🍬 “Can I ask you a favour?”
တစ်ခုလောက် အကူအညီတောင်းလို့ရမလား?
🍬 “I wonder if you could help me carrying this?”
ငါဒါသယ်တာကို ကူပေးလို့ရနိုင်မလား?
🍬 “Could you spare me a moment?”
ငါ့ကို အချိန်လေးခဏလောက် ပေးလို့ရမလား?
တစ်ယောက်ယောက်ကို English လို ယဥ်ကျေးအောင် အကူအညီတောင်းနည်းလေးတွေကို လေ့လာလိုက်ရပြီဆိုတော့ လိုအပ်တဲ့ နေရာမှာ အသုံးချနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်နေ့ရဲ့ Daily Dose မှာလည်း ဘယ်လို Englishစာတွေကို လေ့လာရဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါနော်။ See you tomorrow 👋!
Comments