Hello again, everyone👋! မိုးတွေလည်းရွာနေပြီ ဆိုတော့ အားလုံးပဲ နွေးနွေးထွေးထွေး ရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ရဲ့ Daily Dose လေးမှာတော့ Modal Verb လေးတစ်ခု ဖြစ်တဲ့ “Shall” ရဲ့အသုံးဝင်ပုံလေးတွေနဲ့ ဥပမာလေးတွေကို တူတူလေ့လာကြရအောင်ပါ။ Let’s get started 🙌
📌 Future action
အနာဂတ်မှာ ပြုလုပ်မယ့် အရာတစ်ခုခုကို ဖော်ပြတဲ့နေရာမှာ Shall နဲ့တွဲသုံးတတ်ပါတယ်။
[ David shall be there by noon.]
📌 An Offer
တစ်ခုခုလုပ်ဖို့ ကမ်းလှမ်းတဲ့နေရာမှာလည်း Shall ကို သုံးပါတယ်။
[Shall I go get the juice for you?]
📌 Volunteering, promising
တစ်ခုခုကိုလုပ်ဖို့ တာဝန်ယူပေးတာ၊ ကတိပေးတာ မျိုးမှာလည်းShall ကို သုံးပါတယ်။
[ I shall take care of everything for you.]
📌 Suggestion
အကြံပေးတာ အပြင် အကြံဉာဏ်တောင်းတဲ့နေရာမှာပါ Shall ကိုသုံးလေ့ရှိကြပါတယ်။
[We shall go to the nearby restaurant for lunch.]
[ What shall we do tonight?]
📌 Command
ကိုယ်မဟုတ်တဲ့ တခြားသူကို ပြောတဲ့နေရာမှာ Shall ကို အမိန့်ပေးတဲ့ သဘောနဲ့လည်း သုံးတတ်ပါတယ်။
[You shall not leave this room until you finish cleaning the windows.]
Shallရဲ့ အသုံးပြုပုံတွေထဲက တစ်ချို့ကို မျှဝေပေးသွားတာ အားလုံးအတွက် အသုံးဝင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မနက်ဖြန် မှာလည်း အားလုံးနဲ့အတူDaily Doseမှာ Englishစာ ဆက်လက်လေ့လာ ကြပါမယ်နော်။ See you tomorrow 👋!
Comments