top of page
Writer's pictureShoon Lapyae Linn

[Daily Dose of English] 🕗 Verbs to express sounds

How are you, everyone 👋? ဒီနေ့မှာတော့ လူတစ်ယောက် သို့မဟုတ် အရာဝတ္ထုတွေမှာ ပြုလေ့ရှိတဲ့၊ ထွက်ပေါ်လေ့ရှိတဲ့ “အသံ”တွေကို English လို ‌ဖော်ပြလို့ ရမယ့် စကားလုံးလေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။ ဒီ အသုံးအနှုန်းလေးတွေကို အသုံးပြုပြီး English expression တွေ တိုးတက်လာဖို့ လေ့ကျင့်နိုင်မှာပါ။ Let’s get started 🌱!



🔉 Crunch

ကြွပ်ဆတ်တဲ့အခါ တစ်ခု ကြေသွားတဲ့အခါ၊ ကျိုးသွားတဲ့အခါ မြည်တဲ့ အသံဖြစ်ပါတယ်။ (မုန့်အကြွပ်တွေ ဝါးစားတဲ့ အခါလိုမျိုးမှာ မကြာခဏ အသုံးပြုပါတယ်)

The lettuce added crunch to the sandwich.


🔉 Rattle

တစ်ဒုတ်ဒုတ်၊ တစ်ဒက်ဒက် မြည်တဲ့ အသံမျိုးဖြစ်ပါတယ်။

I think your car is producing a rattling sound.


🔉 Squeak

ကျွိခနဲ မြည်တဲ့ အသံကို ပြောတာဖြစ်ပါတယ်။

The chair squeaked as soon as the man sat on it.


🔉 Thud

ဘုတ်ကနဲ၊ ဒုတ်ကနဲ မြည်တဲ့အသံပါ။ ပြုတ်ကျတာတို့ တိုက်မိတာတို့ မှာသုံးပါတယ်။

The book fell with a loud thud.


🔉 Hum

သံစဉ်တစ်ခုကို ညည်းတဲ့အသံဖြစ်ပါတယ်။

She hummed to the new song as she cleaned the room.


Englishစာကို ရေးသားပြောဆိုတဲ့နေရာမှာ ဒီအသုံးအနှုန်းလေးတွေကို မှန်ကန်အောင် အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်နေ့တွေမှာလည်း Daily Dose နဲ့အတူ English စာ လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ See you tomorrow 👋!


38 views0 comments

Recent Posts

See All

Comments


bottom of page