Hello again, everyone 👋! ဒီနေ့ရဲ့ Daily Dose လေးမှာတော့ Academic Writing မှာ အသုံးဝင်စေမယ့် Verb လေးတွေကို ဝေမျှပေးမှာဖြစ်ပါတယ်။ Essay ရေးတဲ့အခါ၊ Report တင်တဲ့အခါ၊ Project လုပ်တဲ့အခါ၊ Presentation လုပ်တဲ့အခါ အစရှိတဲ့ Englishစာကို Academic ပိုင်းအတွက် သုံးတာများတဲ့သူတွေအတွက် ဖြစ်ပါတယ်။ Let’s see what’s in here 💁♂️
🎓 Modify
ပိုကောင်းအောင် ပြင်ဆင်တယ်၊ မွမ်းမံတယ်လို့ ရပါတယ်။
[ You need to modify your essay.]
🎓 Allocate
သတ်မှတ်တယ်၊ ခွဲဝေတယ်လို့ ဆိုလိုပါတယ်။
[Money from the sale of the house was allocated to each of the children.]
🎓 Emphasize
အလေးပေးတယ်၊ အသားပေးတယ် လို့ အဓိပ္ပာယ်ရပါတယ်။
[ This point should be better when emphasized.]
🎓 Demonstrate
လက်တွေ့သရုပ်ပြတယ်၊ သက်သေအထောက်အထားနဲ့ပြသတယ်လို့ အဓိပ္ပာယ်ရပါတယ်။
[ Crowded classrooms that demonstrate the need for more schools in the area.]
🎓 Categorize
အမျိုးအစားခွဲတယ်၊ သက်ဆိုင်ရာအမျိုးနဲ့လိုက်ပြီး ခွဲတယ်လို့ ဆိုလိုပါတယ်။
[ To make taking notes easier, he categorizes his lessons.]
ဒီ Verb လေးတွေကို လိုအပ်တဲ့ နေရာမှာ အဓိပ္ပာယ်မှန်ကန်အောင် အသုံးချနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မနက်ဖြန်မှာလည်း ကိုယ့်အတွက်အသုံးဝင်မယ့် Englishစာကို Daily Dose နဲ့အတူ လေ့လာကြရအောင်ပါ။ See you tomorrow 👋!
Comments